ရေးချင်တာရေးနေရတာကို သဘောကျတယ်

ရေးချင်တာကိုရေးရတာ သဘောကျတယ်ဆိုပေမယ့် စောက်တောသားတွေက ဘာတွေရေးရေးတင်မှန်းမသိဘူးလို့ လာလာပြောတာကို ဖြေရှင်းရတာကိုတော့ မုန်းတယ် :3 အဓိက ကတော့ Facebook ပေါ်မှာ ရေးချင်တာရေးနေရတာကိုသဘောကျတာကိုပြောတာပေါ့လေ။ အခန်းထဲမှာ တစ်ယောက်ထဲ တစ်နေကုန် ဖြတ်သန်းနေရတဲ့ဘဝအတွက်ကတော့ Facebook ကို သူငယ်ချင်းလုပ်ပြီး ရေးချင်တာကို ရေးတယ် Comment ပေးချင်တာကိုပေးတယ် ( ဒီကြားထဲ ကိုယ့် Comment Reply မပြန်တာတို့ ဖျက်လိုက်တာတို့ဆို မှတ်ထားတယ် တစ်သက်လုံးသွားပြီး Comment မလုပ်တော့ဘူး :3 ) ဆိုတော့ အခန်းထဲ တစ်ယောက်ထဲနေရတာက သက်သာတယ်လို့ခံစားရတယ်။ သူငယ်ချင်းဆိုသည်မှာလဲ ကိုယ်နဲ့ ပေါင်းလို့သင်းလို့ရတဲ့လူတွေက အနားမှာမရှိကြဘူးဆိုတော့ တစ်နေ့ တစ်နေ့ အရမ်းကိုပျင်းဖို့ကောင်းလွန်းတာဆိုတော့ Facebook ပေါ်မှာ ရေးချင်တာကိုရေးလိုက်တယ် ပြောချင်တာကိုပြောလိုက်တယ်ဆိုတော့ ပျင်းလဲမပျင်းတော့ဘူး ထင်မိသလို အပျင်းပြေသွားတယ်လို့လဲ ထင်တယ် :3 ကိုယ်နဲ့ပေါင်းလို့ရတဲ့ သူငယ်ချင်းဆိုတာကလဲ ကိုယ်အရမ်းဆိုးတာကိုခံနိုင်ရည်ရှိတဲ့လူမျိုး ၁၀ ယောက်မပြည့်ဘူး :3 အကုန်လုံးကလဲ Online ပေါ်မှာ ခင်ကြတာဆိုတော့ကာ … တစ်ယောက်တစ်နေရာမှာမလို့ အလည်သွားရအောင်ကလဲ မသက်သာတဲ့အဖြစ်ဆိုတော့ အခန်းထဲ တစ်ယောက်ထဲဆိုမှ တစ်ယောက်ထဲဘဝမှာ ရေးချင်တာကို ရေးလိုက်ရလို့ စိတ်ထဲပေါ့သွားတယ်ပေါ့လေ။ ကိုယ့်မှာ စကားပြောဖော်သူငယ်ချင်းရယ်လို့မှမရှိတာကို :”D

101

Fixing Erorrs bootstrap Local documentation

အစကတော့ bootstrap 4 ရဲ့ Local documentation ကို offline ကြည့်လို့ရအောင် သွင်းလိုက်ရင်းကနေပြီး တက်လိုက်တဲ့ Error တွေဆိုတာ နည်းနည်းနောနောမှမဟုတ်တာကို :3 ဘာကြောင့်တက်တယ်တော့မသိဘူးဆိုပေမယ့် … တက်သမျှ ဒိုင်ခံရှင်းနေရတယ် ( ပိုက်ဆံလဲ လွှတ်ကုန်ကောပဲ – ဒီထဲက ဗဟုသုတလေးကတော့ ရခဲ့တာပေါ့လေ ) အဓိက ကတော့ Window သုံးနေလို့လဲပါမယ် :3 lib တော်တော်များများက Linux မှာပဲကောင်းကောင်းလုပ်ကြတာကို။ Window သုံးတဲ့ Developer ဆိုတာကလဲ အတော်ရှားပြီး Linux အတွက် ဦးစားပေးရတဲ့ Dev တွေက များတာကိုလို့ အဲဒါကိုထားတော့။ ဖြစ်ပြီးပြီဆိုတော့ ရှင်းကြတာပေါ့ :3 * Requirements x) nodejs x) gem (Ruby) x) bundler Window မှာ ခုပြန်သွင်းတော့လဲ အဆင်ပြေသွားတယ်ဆိုပေမယ့် ကျွန်တော် Bash on Ubuntu on Windows မှာတော့ အတော်တိုင်ပတ်သွားခဲ့ရတယ် :3 ဖြစ်သွားခဲ့တဲ့ Error ကတော့ root@kiddo:~$ npm : not

101

Right-Click Menu to Open Any Folder on Windows

ဒီရက်ပိုင်းမှာ စိတ်ဝင်စားနေတာကတော့ registry အပိုင်းကိုပဲ။ စိတ်ဝင်စားဆိုရင် Atom သွင်းလိုက်တာ icon blank ဖြစ်ပြီးတော့ Application ကို Right Click Menu ကနေပြီးတော့ နှိပ်လို့မရဘူး Error ပဲတက်လာတော့ ပြင်ရမယ်ဆိုပြီးရှာရှင်းနဲ့စိတ်ဝင်စားသွားတယ်ပေါ့လေ :3 အဲဒါနဲ့ပဲ ပြင်ပြီးသွားတော့ နောက်ထပ် စိတ်ဝင်စားသွားတာကတော့ Right Click ထဲမှာ Folder ကော ထည့်လို့မရဘူးလားဆိုပြီးတော့ Googling လုပ်တော့တာပေါ့ :3 လုပ်တော့လဲ မကြာဘူး တွေ့သွားတယ်ပေါ့။ တွေ့သွားဆို Note တစ်ခုအနေနဲ့ ပြန်မှတ်လို့ရအောင်လဲ သိမ်းထားပါမယ်လေဆိုတဲ့ စိတ်ကူးနဲ့ ဘယ်သူမှမဖတ်တောင် တစ်ချိန်ကိုယ်ပြန်ကြည့်လို့ရတယ်ဆိုတဲ့အတွေးနဲ့ ရေးလိုက်ပါဒယ် :3 အရင်ဆုံးလုပ်ရမှာကတော့ Win + R ( Window Key + R ) လေးကိုနှိပ်ပြီး regedit ဆိုပြီးရိုက်ပေးလိုက်ပါ။ ပွင့်လာတဲ့ Registry Editor ကနေပြီးတော့ အောက်က Patch လေးအတိုင်းသွားလိုက်ပါ [code lang=”bash”]Computer\HKEY_CLASSES_ROOT\Directory\Background\shell[/code] ရောက်သွားပြီဆိုရင်တော့ shell ကို Right Click လုပ်ပြီး New မှာ Key ကိုနှိပ်ပေးလိုက်ပါ။ ကျွန်တော်ကတော့

101

Free SSL with Lets Encrypt

SSL (Secure Sockets Layer) Service တွေအများကြီးရှိတဲ့အထဲကမှ Free ရတဲ့ Lets Encrypt ရဲ့ SSL အကြောင်းကို Sharing လုပ်ချင်ပါရဲ့ 😀 cPanel မှာ ရသလို Plesk မှာလဲ ရပါတယ် UI တွေ နည်းနည်းလေး ကွာခြားသွားနိုင်တယ်ဆိုပေမယ့် ကိုယ့်မှာရှိတာကိုပဲ Share ပေးလိုက်တယ်ပေါ့လေ :3 မရှိတာကိုသာ Sharing လုပ်ရမယ်ဆိုရင် အတော်လေးကို တိုင်ပွတ်မယ့်အမျိုး။ ဟိုဟာထင်တယ် ဒီဟာထင်တယ် ဆိုတဲ့ ထင်တစ်လုံးနဲ့ လမ်းလျှောက်နေရသလိုဖြစ်နေမှာဆိုတော့ ဟုတ်တာပဲ Share လိုက်ပါတယ် :3 cPanel အတွက်ကိုတော့ ကွကိုယ် ဆက်ပြီး Googling လုပ်လိုက်ပါတော့လေ 😛 ဦးစွာပထမ Plesk Login အရင်ဝင်မယ်ပေါ့လေ … ကျွန်တော်ကတော့ ဝင်ပြီးသွားပြီဆိုတော့ အောက်ကလိုလေးဖြစ်သွားလိမ့်မယ်။ အဲဒီအထဲကမှ Let’s Encrypt ဆိုတာလေးကို သွားလိုက်တယ်ပေါ့လေ။ :3 ပေါ်လာတဲ့အထဲမှာ နှိပ်စရာဆိုလို့ Install ရယ် Cancel ရယ်ပဲပါတာလေ။ ဆိုတော့ Install က လွဲပြီး နှိပ်စရာမရှိဘူးပေါ့ :3 ခဏစောင့်ပေးလိုက်မယ်ဆိုရင်တော့ Panel Index

101

အင်တာနက်

အင်တာနက်လို့ပြောလိုက်တာနဲ့ လူတွေမြင်ကြတာက Facebook ပဲရှိတော့တာလားဆိုတာ မရေရာတော့ဘူး။ ဒီကြားထဲမှာ Telecom တွေဖြစ်ကြတဲ့ MPT, Ooredoo, Telenor တွေကလဲ Internet Package ထဲမှာ စျေးအနည်းဆုံးကတော့ Facebook ပဲဖြစ်နေတော့တာပဲ။ Internet ကိုဘာကြောင့်သုံးလဲ ? အဓိက အကြောင်းအရာရယ်လို့တော့မဟုတ်ပေမယ့် အင်တာနက် သုံးတယ်ဆိုတာ အသိပညာတွေ ဗဟုသုတတွေတိုးချင်လို့သုံးတာဆိုရင်မှန်လိမ့်မယ်။ အဲဒီလိုထဲမှာ Facebook က စျေးအနည်းဆုံးပဲဆိုတော့ Facebook ပေါ်မှာပဲ တက်ပြီး ပိုက်ဆံတွေကို ဖြုန်းတီး နေတာပဲလို့မြင်မိတယ်။ ဗဟုသုတဆိုတာကလဲ ဘယ်မှာနေတယ်မသိ စိတ်အနှောက်အယှက်တွေ လူ့ငပိန်းတွေ အများအပြားရှိ။ တစ်ဖက်ပိတ်မှန်းမသိ ပိတ်နေတဲ့လူတွေ အများကြီးရှိနေတော့ ဗဟုသုတသီးသန့် Sharing လုပ်တဲ့ Website တွေအများကြီးကို လေ့လာချင်တယ်။ ဒါပေမယ့်လဲ အပေါ်မှာပြောသလိုပဲ စျေးအနည်းဆုံးကို အများဆုံးသုံးပြီး အချိန်တွေကို အများဆုံးဖြုန်းတီးနေမိတော့ပါပဲ။ ဘယ်လိုနေရာတွေမှာ လေ့လာချင်တာလဲ ? ဘယ်လိုနေရာတွေဆိုတာထက်ကို ပိုက်ဆံဆိုတာ အရမ်းကြည့်ရတဲ့ အခြေခံလူတန်းစားတွေအတွက်တော့ ရွေးချယ်ခွင့်ဆိုတာမရှိဘူးဖြစ်နေတယ်။ Youtube လို Website တွေအတွက်ကတော့ 1 MB ကို ၄ ကျပ်ကနေ ၈ ကျပ် အမျိုးမျိုးရှိတော့ အနားကို ကြာကြာမကပ်နိုင်ဘူး။ စွယ်စုံ

101