ကျွန်တော်တို့ Website တွေ ရေးတဲ့အခါမှာ Contact Form တစ်ခုတော့ ရှိကို ရှိသင့်ပါတယ်။ အဲဒီ အထဲမှာမှ WordPress မှာ Contact Form တစ်ခု ဘယ်လို Create လုပ်မလဲဆိုတာကို ကျွန်တော် ပြောပြပေးသွားပါ့မယ်။ ကျွန်တော့အတွက်လဲ လုပ်ခဲ့ဖူးတာတွေက မှတ်စုတစ်ခု အဖြစ်ရှိ ကောင်းရှိနိုင်ပါတယ်။ 😉

ပထမဦးဆုံး Contact Form 7 ကို ဦးစွာ ပထမ Install လုပ်ဖို့ လိုအပ်ပါတယ်။ WordPress မှာဆိုရင်တော့ Dashboard မှ တစ်ဆင့် Plugins ထဲက Add New မှာ Keyword ဘေးမှာ Contact Form လို့ရိုက်ထည့်ပေးလိုက်ရင် Contact Form 7 ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Contact Form ကို Install လုပ်ပြီးသွားရင်တော့ Dashboard ထဲမှာ Contact ဆိုတာလေး ထပ်တိုးလာပါလိမ့်မယ်။ အဲဒီမှာ Add New ကို နှိပ်ပေးလိုက်ပါ။ အောက်ပါ အတိုင်း မြင်တွေ့ရပါလိမ့်မယ်။

Enter Title Here: မှာတော့ Title ပေးရပါလိမ့်မယ်။ ကျွန်တော်ကတော့ Contact Us လို့ ပေးလိုက်ပါ့မယ်။ ပြီးသွားရင်တော့ အောက်ပါအတိုင်း ပြင်လိုက်ပါ့မယ်။ ဘာကြောင့်လဲဆိုတော့ မူရင်း Default က သိပ်ပြီး ဘဝင်မကျလှတဲ့အတွက်ပဲဖြစ်ပါတယ်။ 😀

[text* your-name placeholder "Name (Required)"]

[email* your-email placeholder "Email (required)"]

[text your-subject placeholder "Subject"]

[textarea your-message placeholder "Your Message"]

[submit "Send"]

အဲဒါပြီးသွားရင်တော့ Mail အကွက်လေးကို ဆက်သွားလိုက်ပါ။

Contact Form 7 Mail
Contact Form 7 Mail

To: Site Admin Mail (Website Registered Mail) ကိုပေးရပါ့မယ်။

From: [your-name] <Site Admin Mail>

Subject: Reply-To: [your-email]

Message Body:

From: [your-name] <[your-email]>
Subject: [your-subject]

Message Body: [your-message]


This e-mail was sent from a contact form on Hein Htet Kyaw™
_[Website Link]

ဆိုပြီး ထည့်ပေးလိုက်ပါ။ အဲဒါကတော့ Mail ပို့ရင် Format ကို အဲဒီလို ဖြစ်ပါစေဆိုပြီးတော့ ရည်ရွယ် သတ်မှတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ Website က Contact Form မှ Mail ပို့လိုက်တိုင်းမှာ အဲဒီ Format အတိုင်း ရောက်လာမှာပဲဖြစ်ပါတယ်။

Contact Form 7 Received Mail
Contact Form 7 Received Mail

ဒီအဆင့်ဆိုရင် ပုံမှန် ရတတ်ပေမယ့် မရတတ်တဲ့အခါမျိုးရှိပါတယ်။ WordPress မှာ SMTP က အလုပ်မလုပ်နိုင်တာမျိုး ဖြစ်တဲ့အခါမှာတော့ Plugin တစ်ခုရဲ့ အကူအညီ ကို ရယူရတာမျိုးပေါ့။ အဲဒါကိုတော့ နောက်ထပ် Post တစ်ခု အသစ်တင်ပြီးတော့ ရှင်းပြပါ့မယ်။ 😉

Author

I'm Hein Htet Kyaw, most people call and know me as Kiddo Monster. The name I created it was a reason for purpose to do some underground things, most people called that as Hacking. As for me Hacking is just painting and became art for me. Sharing is caring and I help lot of people as much as I can. Currently I work at Myanmar Exited Group Company Limited with Manager Role for Manage people within Digital Marketing Trends and Sub role of Megshop.com.mm!

Write A Comment

This site uses Akismet to reduce spam. Learn how your comment data is processed.

Pin It