သတ်လို့မရတဲ့ Virus

domain ကြီးဝယ် Hosting ကြီးလုထားပြီးတော့ ဘာမှ မရေးဖြစ်သေးရင်တော့ မကိုက်သေးဘူး ဆိုတော့ကာ ဟီးဟီး ဒီတစ်ခါ ပျင်းလို့ထရေးမယ့်အရာကတော့ ရုံးတိုင်းလိုလိုမှာ တွေ့နေရတဲ့ အသေးစား Virus လေးအကြောင်းကိုပေါ့ တစ်ခြား Virus တော့မဟုတ်ဘူး သူ့နာမည်က Folder.exe တဲ့ ဆိုတော့ အဲဒီ Virus ကိုသတ်လို့မရတာလားဆိုတော့ မဟုတ်ဘူး ဒါပေမယ့် မြင်နေကြအတိုင်းကတော့ ရုံးတွေကြောင့်ပဲလို့အပြစ်ပြောတာမဟုတ်ပေမယ့်၊ ပြောချင်တာကတော့ ရုံးတော်တော်များများက တက္ကသိုလ်တက် တက္ကသိုလ်တွေကနေပြီးတော့ ရုံးအသီးသီးကိုဝင်ကြတဲ့လူများတဲ့အပြင် ရုံးအလုပ်တွေနဲ့ဆိုတော့ သူတို့မှာ အပြင် ကိစ္စတွေကို လေ့လာချိန်မရသလောက်ပဲ အပြင်ကိစ္စဆိုတာကလဲ နည်ပညာနဲ့ဆိုင်တဲ့ အကြောင်းအရာတော်တော်များများကိုပြောတာပေါ့ဗျာ သူတို့မှာ ဖုန်းတွေရှိတတ်ကြတော့ Facebook မှာ သူများရေးထားတာကို ဖတ်တယ် ဟုတ်၏မဟုတ်၏ အပထားပေါ့ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး Viber ကလဲ ကလုံကလွမ်ဆိုတဲ့အသံလေးတွေနဲ့ အခြင်းခြင်း စကားပြောကြပြန်ပါသေးရဲ့ဗျာ။ အဲ အဲဒီမှာ တစ်ခုပြောချင်တာက Facebook သုံးတာကိုအပြစ်လို့မဆိုပေမယ့် Facebook သုံးမယ့်အစားမှာ ကိုယ့်အတွက် ဗဟုသုတရမယ့်အကြောင်းအရာလေးတစ်ခုကို လေ့လာလိုက်စေချင်တယ် Facebook ပေါ်က သတင်းတော်တော်များများက အခု ၁၀၀ မှာ ၅ ခုလောက်ပဲ အမှန်ရေးထားတာဖြစ်ပြီးတော့ ကျန်တာတွေက မဟုတ်တဲ့အကြောင်းအရာတွေ မဟုတ်တဲ့ အရာတွေကိုပဲရေးထားတာများတာကို ဆိုတော့ ကိုယ့်အတွက်အကျိုးဝင်မယ့် ကွန်ပျူတာ ဘယ်လိုဖွင့်ရတယ် ကွန်ပျူတာမှာ စာဘယ်လိုရိုက်ရတယ် ကွန်ပျူတာကို Printer ဘယ်လိုသုံးရသလဲဆိုတဲ့အကြောင်းအရာကို သင်လို့တတ်တာထက်ကို လေ့လာပြီးတော့ တက်သွားစေချင်တယ် Facebook မှာ အချိန်ကုန်မယ့်အစား အဲဒီအရာတွေလေ့လာပြီးတော့ အချိန်ကုန်သွားတော့ ကုန်သွားတဲ့အချိန်က အကျိုးမယုတ်စေတော့ဘူးဗျာ … ထားတော့ ရေးနေတဲ့အကြောင်းအရာနဲ့က ရေးလေဝေးလေ ပြောလေဝေးလေပဲဖြစ်ကုန်တော့မှာဆိုတော့ “Folder.exe” က ဘာကြောင့်ဖြစ်ရသလဲဆိုတော့ လက်ခံထားတဲ့ ကွန်ပျူတာကို တပ်လိုက်ပြီဆိုတာနဲ့ အဲဒီ Virus ကချက်ချင်း ဝင်သွားကောပေါ့ဗျာ ဆိုတော့ အသုံးပြုတဲ့ ရုံးဝန်ထမ်းတွေတော်တော်များများက အလုပ်နောက်ကျတာရယ် လောလော လောလောလုပ်တတ်တဲ့အကျင့်တွေကြောင့်ပဲ Folder အရောင်နဲ့ Application လေးကိုမှားပြီး Click လိုက်မိတာကနေစပြီးတော့ Memory Stick ထဲကိုဝင်သွားတော့တာပေါ့ဗျာ။ ဆိုတော့ အဲဒီ Virus ကိုနာမည်ကြီး Anti Virus ဖြစ်တဲ့ Kaspersky လိုမျိုးနဲ့သတ်ရင်သေလားဆိုတော့ မသတ်ဖူးသလို Anti Virus ဆိုရင်လဲ Window က Default ပါလာတဲ့ Window Defender နဲ့ပဲသတ်လိုက်မိတာများတယ် တော်တော်များများက အဲဒီ Window Defender ကိုမကြိုက်ပေမယ့် ကျွန်တော်ကြိုက်တဲ့အကြောင်းတွေကတော့အများကြီးပဲ Freeware ဖြစ်တဲ့အတွက် အခကြေးငွေပေးစရာမလိုသလို Internet နဲ့ရှိတာနဲ့ Virus Update ကိုယူပြီးတော့ ဝင်သမျှ Virus တွေကို သတ်ပေးနိုင်တယ် သူ့လုပ်ဆောင်ချက်တွေက များတာကတော့ Window Defender က ဘယ်ကထုတ်ထားသလဲဆိုရင်တော့ Window တွေကို ထုတ်လုပ်ပေးထားတဲ့ Microsoft ကနေပြီးတော့ထုတ်ထားတဲ့အတွက် အတော်လေးကို စိတ်ချရတယ်လို့ပြောလို့ရမယ်၊ အဲ ဒီနေရာမှာတော့ Worm,Trojan,Rootkit တော်တော်များများကို သတ်နိုင်ပေမယ် အချို့ကိုတော့ မသတ်နိုင်သလောက်ပဲပေါ့ဗျာ Hacker တစ်ယောက်က သေသေချာချာလုပ်ထားတဲ့ Anti Virus တွေကို Bypass လုပ်ထားတတ်တာမျိုးဆိုရင်တော့ မသတ်နိုင်ဘူးပေါ့  အဲဒါကတော့ တစ်ခြားမဟုတ်ဘူး User ရဲ့ အသုံးပြုတဲ့ ကွန်ပျူတာမှာ ဘာ Anti Virus ရှိလဲသိအောင်အရင်လုပ်ပြီးတော့ Compiler တစ်ခုခုနဲ့ Bypass ထားတယ် Program တစ်ခုခုထဲမှာ မြှုပ်ထားတယ်ဆိုရင်တော့ ဒါက တော်တော်လေးနဲ့တော့ အလုပ်မဖြစ်တော့ဘူးပေါ့ဗျာ xD ဆိုတော့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ မေးခွန်းအတွက်ကတော့ … အရင်ဆုံး ကွန်ပြူတာကို Full Scan နဲ့အရင်ဆုံးစစ်ထုတ်လိုက်ပေါ့ဗျာ တွေ့တော့လဲသတ် မတွေ့တော့လဲ ဒီတိုင်းပဲထားလိုက်ပေါ့ ဒီလိုကိစ္စတွေပြီးသွားပြီဆိုရင်တော့ ကွန်ပျူတာနဲ့ Memory Stick ကိုတပ် ပြီးသွားရင် “My Computer” ကနေပြီးတော့ ကွန်ပျူတာသိသွားတဲ့ Memory Stick ကို ချက်ချင်းမဝင်လိုက်သေးပဲနဲ့ Right Click ကိုနှိပ်ပြီးတော့ Scan with Window Defender ကိုရွေးပေးလိုက်ရင်တော့ အရင်ဦးဆုံးစစ်သွားပါလိမ်မ့ယ်၊ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး စစ်ပြီးသွားရင် Clean Computer ကိုနှိပ်ပြီးတော့ လုပ်ဆောင်သွားမယ်ဆိုရင်တော့ အတော်လေးအဆင်ပြေသွားလိမ့်မယ် နောက်တစ်ချက်ကတော့ File Explorer မှာ File Type ဖော်တဲ့ နည်းပါပဲ တော်တော်များများမှာတော့ File Type က ပါပြီးသားဖြစ်နေပါလိမ့်မယ် မပါသေးဘူးဆိုရင်တော့ Ctrl ကီးကိုနှိပ်ထားပြီးတော့ Scroll Wheel လေးနဲ့ ပေါ်လာတဲ့အထိ အပေါ်တက်လိုက် အောက်ဆင်းလိုက်လုပ်မယ်ဆိုရင်တော့ အဆင်ပြေလာပါလိမ့်မယ်ဗျာ 😀 ဒါကတော့အကောင်းဆုံးဖော်နည်းပေါ့ တစ်ခြားနည်းတွေပြောနေတယ်ဆိုရင် အတော်ရှုပ်သွားလိမ့်မယ် ဟိုထဲက ဟိုဟာလုပ်ပါ ဒီထဲက ဒီဟာလုပ်ပါဆိုပြီးတော့ပေါ့ 😛 Ok ဘာကြောင့်ဖော်ခိုင်းရသလဲဆိုတော့ “Folder.exe” ဆိုသည့် Virus အမျိုးအစားကတော့ Folder အတုဖြစ်ပြီး File Type နေရာမှာ File Folder လို့မပြပဲနဲ့ Application လို့ပြနေပါလိမ့်မယ် ဒါဆိုရင်တော့ ဗေဒင် မမေးနဲ့တော့ ဒါ Virus ဆိုတာအသေအချာပဲပေါ့ဗျာ သူ့ရဲ့ File Size ကလဲ 2 MB လောက်နီးနီးရှိပါသေးတယ်ဗျာ အောက်မှာ ဓာတ်ပုံကိုပြပေးထားပါသေးတယ်ဗျာ

File Explorer File Listing Type

အထက်မှာပြထားတဲ့ ဓာတ်ပုံကတော့ Folder.exe ကိုရိုက်ပြထားတာမဟုတ်ပါပဲ Driver Package Solution ကိုသတိရပြီးတော့ Program , File Folder တွေပါလို့ ဖွင့်ပြထားတာပေါ့ဗျာ ဆိုတော့ Folder လိုအဝါရောင် နဲ့ Type မှာ Application ဆိုရင်တော့ သေချာပါပြီ ဒါ Virus ဆိုတာကိုပဲပေါ့ တစ်ချို့သော “Folder.exe” Virus တွေကတော့ Original Folder တွေ Hidden ဖြစ်သွားပြီးတော့ သူတို့ရဲ့ နာမည်တွေနေရာမှာ အစားထိုးသွားတာပေါ့ဗျာ ဥပမာအရပြောရရင်တော့ ပုံမှာပြထားတဲ့အတိုင်းပဲ bin,catalog,drivers,index,programs ဆိုတဲ့ File Folder လေးတွေက Type ရဲ့အောက်မှာ File Folder လို့ပြမပေးပါပဲနဲ့ Application ဆိုပြီးတော့ ပြပေးနေပါလိမ့်မယ်ဗျာ … အခုဆိုရင်တော့ နားလည်လောက်မယ်ထင်ပါရဲ့ ကျွန်တော်လဲ ရှင်းရင်းရှုပ်ရှုပ်သွားတော့ … ဟီးဟီးပဲပေါ့ဗျာ xD အခုလိုရှင်းပြထားတဲ့အတွက် ဖတ်ဖြစ်တဲ့လူကတော့ နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါရဲ့ဗျာ ဒါပေမယ့်လဲ တော်တော်များများက အပေါ်မှာပြောတဲ့အတိုင်း Facebook ကိုတော်တော်လေးကို အသုံးပြုနေကြတာဆိုတော့ … ဆိုတော့ပဲပေါ့ဗျာ …

Kaspersky ကို ကျွန်တော်မကြိုက်တဲ့အကြောင်းအရာကတော့ Window Startup မှာတစ်ခါထဲ ပွင့်လာသလို အဲဒီ Program ပွင့်ပြီးတာနဲ့ ကွန်ပျူတာက တော်တော်လေးကို သိသိနဲ့သာသာက လေးသွားတာဆိုတော့ ကျွန်တော်လဲ မသုံးဖြစ်တော့ဘူးပေါ့ဗျာ xD နောက်တော့ ဝယ်ရတာနဲ့ မတန်အောင်ပဲ အများကြီးသော ပြဿနာတွေရှိနေတော့လဲ ကျွန်တော်လဲ မသုံးဖြစ်တာပေါ့ဗျာ

ခုလို စိတ်ရှည်လက်ရှည်နဲ့ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ပြန်မဖတ်တဲ့စာအရှည်ကြီးကို စိတ်ရှည်လက်ရှည်ဖတ်ပေးလို့ ကျေးဇူးတင်တယ်ပဲ ပြောရမလားတောင်မသိတော့ပါဘူးဗျာ 😛

နည်းပညာလေ့လာ၏ ရေးချင်တာ ရေးတယ် ဖတ်ချင်တာကိုဖတ်ပါလေ

Bootloader Unlock Mi5s

Mi Account Remove / Unlock Tool

Fixing Erorrs bootstrap Local documentation

1 comments On သတ်လို့မရတဲ့ Virus

Leave a reply:

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.