ဒီရက်ပိုင်း Website ရေးရင်းနဲ့ Contact Form တစ်ခုကို ထည့်မိတယ်ပေါ့။ ထည့်ရင်း ကိုယ်လိုချင်တဲ့ ပုံစံလေးကတော့ Your Name နဲ့ Your Email Address အကွက်ကို ၂ ခု ပြိုင်တူထားချင်တာပေါ့။ ဆိုတော့ နည်းနည်းပါးပါးရှာကြည့်လိုက်ရင်းနဲ့ အဆင်ပြေတဲ့ နည်းလေး တစ်ခုကို တွေးရင်း မှတ်ထားဖို့အတွက်ကို ရေးလိုက်မိပြန်တယ်ပေါ့ 😀

ပထမဦးဆုံး လုပ်ရမှာကတော့ Contact Form 7 ကို Install လုပ်ထားဖို့တော့လိုပါတယ်။ အဲဒါပြီးသွားရင်တော့ WordPress ရဲ့ Admin Dashboard မှတစ်ဆင့် Appearance ထဲမှာ Theme Editor ဆိုတာ ရှိပါတယ်။ Theme Editor ကိုနှိပ်လိုက်ရင်တော့ Selected Theme ရဲ့ Style.css ကို ပြင်ဖို့အတွက် ကျလာပါလိမ့်မယ်။ အဲဒီမှာပဲ အောက်ဆုံးအထိသွားပြီး အောက်မှာရှိတဲ့ css code တွေကို ကူးထည့်ပေးလိုက်ပါ။

.one-half,
.one-third {
    position: relative;
    margin-right: 4%;
    float: left;
        margin-bottom: 20px;
 
}
 
.one-half { width: 48%; }
.one-third { width: 30.66%; }
 
.last {
    margin-right: 0 !important;
    clear: right;
}
 
@media only screen and (max-width: 767px) {
    .one-half, .one-third {
        width: 100%;
        margin-right: 0;
    }
}

Style လေး ချယ်သပြီးသွားပြီဆိုရင်တော့ Form ကို ပြင်ဖို့အတွက်ပဲ ကျန်တော့တာပေါ့ဗျာ။ Form ကို ချယ်သဖို့အတွက်ကတော့ Contact ထဲကမှ Contact Forms ပြီးသွားရင်တော့ ရှိပြီးသား Contact From တစ်ခုကို Edit လုပ်လိုက်ပါ။

<div class="one-half">
 [text* your-name placeholder "Your Name (required)"]
</div>

<div class="one-half last">
 [email* your-email placeholder "Your Email (required)"]
</div>

[text your-subject placeholder "Subject"]

[textarea your-message placeholder "Your Message"]

[submit "Send"]

ကျွန်တော်သုံးထားတာကတော့ Label အစား placeholder နဲ့သုံးထားတာပါ။ Label ဆိုရင်တော့ အပေါ်မှာ သီးသန့်ဖြစ်နေမှာဖြစ်ပြီးတော့ placeholder ဆိုရင်တော့ Box အကွက်လေးထဲမှာ ရှိနေမှာဆိုတော့ အရမ်းကြီး ရုပ်မဆိုးတော့ဘူးပေါ့ဗျာ။

အဲဒီနောက်မှာတော့ shortcode အကွက်ထဲမှာရှိတဲ့ [contact-form-7 404 "Not Found"] ဆိုတာမျိုးလေးကို ကူးပြီး ကိုယ်လိုချင်တဲ့ Page မှာ သွားကူးထည့်လိုက်ရင်တော့ Two Columns ကိုရရှိပြီပဲဖြစ်ပါတယ်ဗျာ။

Contact Form 7 မှာ 2 Column ထားတဲ့နည်း
Contact Form 7 မှာ 2 Column ထားတဲ့နည်း
Author

I'm Hein Htet Kyaw, most people call and know me as Kiddo Monster. The name I created it was a reason for purpose to do some underground things, most people called that as Hacking. As for me Hacking is just painting and became art for me. Sharing is caring and I help lot of people as much as I can. Currently I work at Myanmar Exited Group Company Limited with Manager Role for Manage people within Digital Marketing Trends and Sub role of Megshop.com.mm!

Write A Comment

This site uses Akismet to reduce spam. Learn how your comment data is processed.

Pin It